ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင်းရှိ ရေနံကုမ္ပဏီများ၊ သဘာ၀ ဓာတ်ငွေ့ စီမံကိန်းများနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ နားလည် သဘောပေါက်စေရန် ရည်ရွယ်၍ ရခိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စောင့်ကြည့်ရေးအဖွဲ့က အလုပ်ရုံ ဆွေးနွေးပွဲ တခု ကို ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာတွင် ယနေ့နံနက်မှ စ၍ ၃ ရက်ကြာ ကျင်းပမည်ဟု သတင်းရရှိသည်။ ကျောက်ဖြူ၊ ရမ်းဗြဲ နှင့် ပဒေးကျွန်း အခြေစိုက် လူငယ်နှင့်လူမှုရေး အသင်းအဖွဲ့ များမှ တဖွဲ့လျှင် သုံးဦးစီ တက်ရောက် ဆွေးနွေးကြမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။