သတင်းတို
လက်ပံတောင်းတောင် ဓာတ်ပုံ ပန်းချီ ပြပွဲ ကျင်းပမည်
This article has been converted from Zawgyi One to Unicode
ရန်ကုန်တက္ကသိုလ် ယုဒသာန်ခန်းမတွင် လက်ပံတောင်းတောင်အား အနုပညာဖြင့် ဖွဲ့ဆိုခြင်း ဓာတ်ပုံ ပန်းချီ ပြပွဲ တရပ်ကို နွယ်နီ ယဉ်ကျေးမှု ရပ်ဝန်းမှ ဦးစီးကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၉ မှ ၂၁ ရက်နေ့အထိ ကျင်းပမည့် ယင်း ပြပွဲအတွက် ချင်းတွင်းရေကြည် (မုံရွာ) ပန်းချီဆရာများ၊ မြန်မာနိုင်ငံ ပန်းချီဆရာများ သမဂ္ဂ နှင့် ရန်ကုန် ပန်းချီဆရာများ၊ လက်ပံတောင်းတောင် ကာကွယ်ရေး ကော်မတီ၊ လက်ပံတောင်း တောင် ဒေသခံများ ပူးပေါင်း စီစဉ်ခြင်းဖြစ်ကြောင်း၊ လက်ပံတောင်းတောင် ဒေသခံတို့၏ လူမှုရေး၊ ကျန်းမာရေး လိုအပ်ချက်များအတွက် ရန်ပုံငွေ ရှာဖွေသည့် ပွဲဖြစ်ကြောင်း စီစဉ်သူများက ပြောသည်။