သတင်းတို
အစိုးရနှင့် UNFC တွေ့မည်
This article has been converted from Zawgyi One to Unicode
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တို့ လာမည့် ဖေဖော်ဝါရီ ၂၀ ရက် တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပထမဆုံး အကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရသည်။ ယင်းသို့ တွေ့ဆုံရာတွင် မကြာ သေးခင် ရက်ပိုင်း အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ကချင်ပြည်နယ် အရေး ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။ ကချင် လွတ် လပ်ရေးအဖွဲ့(KIO)က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် UNFC အနေနှင့်သာ ဆွေးနွေးလိုကြောင်း ပြောဆိုထားသည်။ UNFC သည် KIO အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပါဝင်သော အဖွဲ့ ၁၁ ဖွဲဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ် သည်။