သတင်းတို
အကောက်ခွန်ဌာန ဆုငွေပေးသည့်စနစ် လတ်တလော မဖျက်နိုင်သေးဟုဆို
This article has been converted from Zawgyi One to Unicode
အကောက်ခွန်ဦးစီးဌာနမှ အရာရှိနှင့် ဝန်ထမ်းများကို အကောက်ခွန်လုပ်ငန်း ဆောင်ရွက်မှုအပေါ် ဆုငွေပေးသည့် စနစ်ကို လတ်တလော မဖျက်နိုင်သေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက အသိပေး ပြောဆိုသည်။ မူလက အကောက်ခွန်ဦးစီးဌာနတွင် ဆုငွေပေးသည့်စနစ် တရားဝင်ဖျက်သိမ်းပြီး ရွေ့လျားကုန် စစ်ဆေးရေးအဖွဲ့ ကိုသာ ဆုငွေပေးသည့် စနစ်လုပ်ဆောင်မည်ဟု ဒေါက်တာမောင်မောင်သိမ်း ကိုယ်တိုင်က ဧရာဝတီသို့ အတည်ပြုပြောဆိုခဲ့ သော်လည်း လတ်တလောတွင် ယင်းစနစ်ကို မဖျက်သိမ်းနိုင်သေးကြောင်း၊ မည်သည့် အတွက်ကြောင့် မဖျက်သိမ်းနိုင်သည်ကို ဖြေကြားရန် ဒေါက်တာမောင်မောင်သိမ်း ငြင်းဆိုသည်။