• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင် တိုင်းရင်းသားများကြား ဆက်ဆံရေး ဆွေးနွေး

by ရန်ပိုင်
18 February 2013
in သတင်း
A A
ရသေ့တောင် မြို့နယ်အတွင်း ပဋိပက္ခထပ်ဖြစ်၊ လူ ၁၂ ဦးသေဆုံး

ပဋိပက္ခ ပြီးခါစ စစ်တွေမြို့ကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - ခင်သြ / ဧရာဝတီ)

7.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်၊ ကမန်နှင့် မရမာ စသည့် တိုင်းရင်းသား လူမျိုးများအကြား ပျက်ပြားခဲ့ရသည့် ဆက်ဆံရေး ပြန်လည် တည်ဆောက် နိုင်ရန် ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့တွင် ယမန်နေ့က ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကမကထပြု စီစဉ်ခြင်းဖြစ်ပြီး ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ(RNDP)၊ ကမန် အမျိုးသားတိုးတက်ရေးပါတီ၊ ကမန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  စသည့်နိုင်ငံရေးပါတီများ အပါအဝင် မရမာကြီး လူမျိုးများနှင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှု အသင်းများ တက်ရောက်ကြကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပျက်ပြားခဲ့သည့် ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
58
မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

20 June 2025
1.1k
မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

20 June 2025
29

ရခိုင် လူမျိုးများနှင့် အစ္စလမ်ဘာသာဝင် ကမန်လူမျိုးများမှာ ရှေးယခင်ကတည်းက ရခိုင် ဒေသအတွင်း အတူယှဉ်တွဲ နေထိုင်ခဲ့ကြ ကြောင်း၊ ကိုးကွယ်သည့် ဘာသာ ကွဲပြားသော်လည်း ယဉ်ကျေးမှုမှာ များသောအားဖြင့်တူညီရာ မည်သည် ပြဿနာမှဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ ယခုအခါ ဌာနေ ကမန်လူမျိုးများအတွင်းသို့ တဖက်နိုင်ငံမှ ဘာသာတူ လူမျိုးများ ထိုးဖောက် ဝင်ရောက်လာမှု များပြား လာသည့် အတွက် အထင်အမြင်လွဲမှားကာ ကမန်လူမျိုးတချို့ တိုက်ခိုက်ခံရခြင်း၊ အိုးအိမ် ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း၊ ထိုအတွက် နှစ်ဦး နှစ်ဖက်အချိန်ယူဖြေရှင်းရမည်ဖြစ်ကြောင်းများကို ဆွေးနွေးကြသည်ဟု ဆိုသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဦးလှမြင့်က“အဓိကပြဿနာက တိုင်းရင်းသား ကမန်လူမျိုး အကာအကွယ်ယူပြီး ခိုးဝင်လာတဲ့သူတွေကြောင့် ပြဿနာတက်တာပဲ၊ မရမာကြီးလည်း ရခိုင်နဲ့အတူတူနေ လာနေကြ တာပဲ၊ အလားတူပဲ ခရစ်ယာန်၊ ဟိန္ဒူတွေနဲ့လည်း အတူနေလာတာပဲ ဘာပြသနာမှမရှိဘူး”ဟု ပြောဆိုသည်။

အစိုးရအဆက်ဆက်၏  ဥပဒေအားနည်းမှုကို အခွင့်ကောင်းယူပြီး ခိုးဝင်လာသူများက ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်စသည့် မြို့ကြီးများတွင် ကမန် တိုင်းရင်းသားအမည်ခံကာ နေထိုင်မှုများ ရှိကြောင်း၊ ထိုအတွက် လူဦးရေ စာရင်းဇယားများဖြင့် ပြန်လည် စိစစ် ရန် လိုအပ်ကြောင်း ကမန်တိုင်းရင်းသား ပါတီခေါင်းဆောင်များကလည်း သဘောတူကြသည်ဟု ဦးဦးလှမြင့်က ဆက်ပြောသည်။

ကမန် များသည် စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ သံတွဲ စသည့် မြို့နယ်များတွင် နေထိုင်ကြပြီး လူဦးရေ ၄၀၀၀၀ ဝန်းကျင် ရှိရာ ယခုအခါ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရသည်ဟု သိရသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကလည်း“အစဉ်အလာအားဖြင့် ရင်းရင်းနှီးနှီး နေခဲ့တယ်ဆိုတာကို နှစ်ဖက် လက်ခံတယ်၊ တရားမဝင် ဝင်လာသူတွေကြောင့် နှစ်ဦးနှစ်ဖက်ကြားမှာ အထင်လွဲမှုဖြစ်တယ်ဆိုတာလည်း လက်ခံကြတယ်”ဟု ပြော သည်။

ကမန် တိုင်းရင်းသား ခေါင်းဆောင်များကလည်း တဖက်နိုင်ငံမှ ခိုးဝင်လာသူများသည် ၎င်းတို့နှင့် ဘာသာတူဖြစ်သည် ဆိုသော် လည်း ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများမှာ မတူညီကြောင်း၊ ထိုအတွက် မိမိတို့၏ ရိုးရာဓလေ့များ မပျောက်ပျက်စေရန်အတွက် လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီရန် ပြောကြားကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။

မကြာသေးမီက မောင်တောမြို့နယ် ငါးခူရကျေးရွာတွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ လက်ရှိအခြေအနေတွင် ဒေသတွင်း၌ တရား ဥပဒေစိုးမိုးရေး ပိုမိုအားကောင်းလာရန် အဓိကဖြစ်ကြောင်း တက်ရောက်လာသူများက သဘောတူကြသည်ဟု သိရသည်။

လူဦးရေ ၁၆၁ သန်း ခန့်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများသည် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း စသည့်လမ်းကြောင်းများမှ မြန်မာနိုင်ငံအတွင်းသို့ မကြာခဏ ဝင်ရောက်မှုများ ရှိခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ရခိုင်တိုင်းရင်းသားများနှင့် အစ္စလမ် ဘာသာဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူအသေအပျောက် နှင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များက အရေးပေါ်အခြေအနေ ကြေ ညာခြင်း၊ ညမထွက်ရ အမိန့် ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သည်။

Your Thoughts …
Tags: Rakhine State
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.3k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

by ခင်ဦးသာ
8 June 2012
20.1k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေး

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

by ငြိမ်းချမ်း
1 October 2012
6.7k

“တခြားဒေသက မွတ်စလင်တွေ ထရပ်ကား ၇ စီးလောက်နဲ့ လာကြတယ်။ အင်တာနက်တင်တဲ့ ဦတွန် ဘူဒဝါဆိုတဲ့ လူကိုတော့ ရှာလို့မရဘူး၊ သူ့ အဒေါ်ကိုတော့ ရဲက လုံခြုံရေးတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သူ့အိမ်နဲ့ သူတို့ဆွေမျိုး အိမ်တွေလည်း...

Next Post
မန္တလေးတွင် တရားမဝင် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ

မန္တလေးတွင် တရားမဝင် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ

ကရင်တိုင်းရင်းသူ မိန်းကလေးငယ် နှိပ်စက်သူများကို ဖမ်းပေးရန် ဆုငွေထုတ်

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

1 day ago
5.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate