ထိုင်းနိုင်ငံ ကန်ဖယ်ဖက်(Kamphaeng Phet) မြို့တွင် အသက် ၁၂ နှစ်အရွယ် ကရင် မိန်းကလေးငယ်အား ညှဉ်းပန်း နှိပ်စက်မှုနှင့် ပတ်သက်ပြီး တရားရင်ဆိုင်ရန် ပျက်ကွက်သည့် ထိုင်း အလုပ်ရှင် လင်မယားကို ဖမ်းဆီးပေးသူအား ထိုင်း အာဏာပိုင်များက ဘတ်ငွေ တသိန်း ယနေ့ ထုတ်ထားကြောင်း သိရသည်။ အဆိုပါ အသက် ၃၅ နှစ် အရွယ် ထိုင်း အမျိုးသားနှင့် အသက် ၃၃ နှစ် အရွယ်ရှိ ထိုင်းအမျိုးသမီး တို့သည် အာဏာပိုင်များက စစ်ဆေးမေးမြန်းရန် ယနေ့ချိန်းဆိုထားရာမှ ထွက်ပြေး တိမ်းရှောင်သွားသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ထိုအလုပ်ရှင် လင်မယားကို အသက်မပြည့်သူအား အဓမ္မ ခိုင်းစေမှု၊ လူကုန် ကူးမှု၊ ညှဉ်းပန်း နှိပ်စက်မှုတို့ အပါအဝင် စွဲချက် ၇ ချက်ဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့သော်လည်း စွဲချက်များကို ငြင်းပယ်ထားပြီး သက်ဆိုင်ရာ ထိုင်း တရားရုံးက ဘတ်ငွေ ၇ သိန်း အာမခံဖြင့် လွှတ်ပေးထားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။