မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးဟူ၍ တရားဝင်မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောဆို လိုက်သည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးရှိပါသလား ဆိုသော မေးခွန်းကို ဦးကျော်ကျော်ဝင်းက အထက်ပါ အတိုင်း ပြန်လည် ဖြေဆိုလိုက်ခြင်း ဖြစ်သည်။ ဘင်္ဂါလီ ဆိုသည်မှာ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာ သူများကို ခေါ်ဆိုခြင်း ဖြစ်သည်ဟုလည်း ဦးကျော်ကျော်ဝင်းက ရှင်းလင်းပြောဆိုသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။