• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုက္ခသည်များကို ကော်မတီဖွဲ့ လက်ခံရန် စီစဉ်နေ

by လင်းသန့်
21 February 2013
in သတင်း
A A
ဒုက္ခသည်များကို ကော်မတီဖွဲ့ လက်ခံရန် စီစဉ်နေ

အုန်းပြန့် ဒုက္ခသည်စခန်းတွင် တွေ့ရသော ဒုက္ခသည် ကလေးငယ် နှစ်ဦး (ဓာတ်ပုံ - လင်းသန့် / ဧရာဝတီ)

6.7k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာ အာဏာပိုင်များက ကော်မတီဖွဲ့၍ လက်ခံရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ထိုင်း အစိုးရတာဝန်ရှိသူများက နိုင်ငံတကာမှ အကူအညီပေးနေသည့် အဖွဲ့များဖြင့် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်နိုင်ရေး စတင် ဆွေးနွေးနေကြောင်း သိရသည်။

RelatedPosts

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

15 July 2025
63
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
995
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
805

ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဘက်က ဒုက္ခသည် လက်ခံရေး ကော်မတီဖွဲ့စည်း စီစဉ်နေသည်ဟု တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားကြောင်းလည်း ဘီဘီစီ သတင်း တပုဒ် တွင် ဖော်ပြထားသည်။

သို့သော် မြန်မာ ဒုက္ခသည်များ လက်ခံရေး ကော်မတီဖွဲ့စည်းမှုနှင့် ပတ်သက်၍ အသေးစိပ်ကိုမူ မသိရှိရသေးပေ။

ထိုင်းဘက်က မြန်မာဒုက္ခသည်များကို ပြန်ပို့ချင်နေကြောင်း၊ လတ်တလော အခြေအနေသည် ဒုက္ခသည်များ၏ လုံခြုံ စိတ်ချရသည့် ဘ၀ ရပ်တည်မှု အခြေအနေ မရှိသေးကြောင်း၊ ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် (NDD) မှ သုတေသန တာဝန်ခံ ဦးစိုင်းမြင့်သူ က ဧရာဝတီ ကို ပြောသည်။

“ဒီအခြေအနေမှာတော့ ဒုက္ခသည်တွေ ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ကျနော်လက်မခံနိုင်ပါဘူး”ဟု သူက ဆိုသည်။

အထူးသဖြင့် တိုင်းရင်သား ဒေသများတွင် စစ်ပွဲများကြောင့် ထိုင်း နယ်မြေ၌ ဒုက္ခသည်များ ခိုလှုံနေရခြင်းဖြစ်ကြောင်း၊ ပြန် သွားမည့် ဒုက္ခသည်များအနေဖြင့် ဘ၀ လုံခြုံမှုရှိသော အနေအထားသို့ ရောက်ရန် ယခုကာလသည် အစကနဦးသာဖြစ်သေး ၍ ပြန်နိုင်သည့် အခြေအနေမရှိသေးကြောင်း ဦစိုင်းမြင့်သူက ဆက်ပြောသည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးကလည်း ထိုကဲ့သို့ မြန်မာဒုက္ခသည်များ နေရပ်ရင်း ပြန်လည်ပို့ဆောင်ရန် အနည်းဆုံး အချိန် ၂ နှစ် မှ ၃ နှစ်အထိ ယူရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

“လောလောဆယ်ကတော့ မိုင်းမရှင်းသေးတဲ့ ဧရိယာတွေ၊ နောက် သေနတ်သံ မစဲသေးတဲ့ ဧရိယာတွေ ဒီလိုမျိုးတွေ ဖြစ်နေ တဲ့ အခါကျတော့ ဒုက္ခသည်တွေအနေနဲ့ သူတို့ဘ၀ လုံခြုံဖို့၊ စားဝတ်နေရေးပြေလည်ဖို့ရယ်၊ တဆက်တည်းပါ လာမယ့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ စောင့်ရှောက်မှု စနစ်စတာတွေအပေါ်မှာ အများကြီး မူတည်ပါတယ်”ဟု ဦးစိုင်းမြင့်သူ က ပြောဆိုသည်။

မြန်မာဒုက္ခသည်လက်ခံရေး ကော်မတီအနေဖြင့် နေရပ်ရင်းပြန်လည် အခြေချနေထိုင် လုပ်ကိုင်စားသောက်ရန် နေရာ နှင့် လယ်မြေ ၁၀ ဧက ချပေးရေး ပါဝင်သည်ဟု သိရကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက သတင်းထောက်များကို ပြောသည်။

ထို့အပြင် တတိယနိုင်ငံများသို့ သွားရောက်အခြေချလိုသူများကိုလည်း ထိုင်းနိုင်ငံဘက်က ဆက်လက်ဆောင် ရွက်ပေး သွားမည့် အစီအစဉ်ရှိကြောင်း၊ သို့သော် ထိုင်းနိုင်ငံတွင် နေထိုင်လိုသူများအတွက် လက်ခံပေးရန် အစီအစဉ် မရှိကြောင်း တာ့ခ် ခရိုင် အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ ဒုက္ခသည်များက နိုင်ငံရေး၊ စစ်ဘေး၊ သဘာ၀ ဘေးအန္တရာယ်များကြောင့် ထွက်ပြေး တိမ်းရှောင်လာသူများ ဖြစ်ပြီး နိုင်ငံရေး အရ ထွက်ပြေးလာကြသူများက မြန်မာနိုင်ငံကို မပြန်လိုတော့ဘဲ တတိယနိုင်ငံတခုခုတွင် အခြေချနေ ထိုင်လိုကြကြောင်း ဧရာဝတီကို ပြောသည်။

နို့ဖိုး ဒုက္ခသည်စခန်းမှ ဆရာတော် ဦးသူရိယက ဒုက္ခသည်များ နေရပ်ရင်ပြန်ရန်အတွက် နေစရာ မြေ၊ အိမ်၊ ရွာတို့ မရှိတော့ ကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု မရှိသေးဘဲ ဒုက္ခသည်များ လုံခြုံအေးချမ်းစွာနေရပ်ပြန်ရန် မဖြစ်နိုင်ကြောင်း မိန့်ကြားသည်။

“ဘုန်းဘုန်းကတော့ ပြောချင်တာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရမှ ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရမယ်လို့ ထင်တယ်။ အခုထိ ဘာအာမခံချက်မှ မရှိသေးဘူး”ဟု ဦးသူရိယက မိန့်ဆိုသည်။

အုန်းပြန့် ဒုက္ခသည်စခန်းက ကိုတရုတ်ကြီးကလည်း“အခု အစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ကြား ပါတယ်။ ဒါပေမယ့် ကျနော်တို့ မယုံကြည်ပါဘူး။ နိုင်ငံတကာကိုလည်း သူတို့ ပြောသမျှ မယုံကြည်ဖို့ ပြောချင်ပါတယ်။ ကျနော်တို့ကတော့ တတိယနိုင်ငံ တခုခုမှာပဲ သွားရောက် အခြေချ နေထိုင်ချင်ပါတော့တယ်”ဟု ဧရာဝတီကို ပြောသည်။

ဒုက္ခသည်များက မြန်မာနိုင်ငံပြန်သွားလိုသူ အလွန်နည်းပါးပြီး အများစုမှာ တတိယနိုင်ငံ တခုခုတွင်သာ အခြေချ နေထိုင်လိုကြ၍ တချို့ကလည်း ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်လိုသူ များလည်း ရှိကြောင်း သိရသည်။

ကရင်ဒုက္ခသည်ရေးရာ ကော်မတီမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးရောဘတ်ထွေး ကလည်း“ကျနော် သိရသလောက်တော့ ဒီအချိန် မပြန်ရဲသေးဘူး၊ ဘာမှ ငြိမ်းငြိမ်းချမ်းချမ်း သေချာ မရှိသေးဘူးလေ”ဟု ဧရာဝတီကို ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည်ပေါင်း ၁ သိန်းခွဲခန့်ရှိရာ တတိယနိုင်ငံတွင် ခိုလှုံခွင့် လျှောက်ထားသူ ဒုက္ခသည် စုစုပေါင်း ၈၄၉၀၀ ကို မှတ်ပုံတင် စာရင်းသွင်းပြီးသော်လည်း ခန့်မှန်းခြေ ၆၂၀၀၀ ခန့်သည် ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၏ အတည်ပြုချက် မရသေး၍ မှတ်ပုံတင်စာရင်း မသွင်းရသေးကြောင်း ထိုင်း အခြေစိုက် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ စာရင်းအရ သိရသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များသည် လတ်တလော အခြေအနေအရလည်း အခက်အခဲများစွာနှင့် ကြုံတွေ့ နေကြရကြောင်း၊ တတိယနိုင်ငံ အခြေချရေး အပါအဝင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိသားစု ပြန်လည် ပေါင်းစည်းရေး စသည့် ကဏ္ဍ များတွင် အခက်အခဲများ ရှိနေကြကြောင်း ဒုက္ခသည်များက ပြောသည်။

Your Thoughts …
Tags: RefugeeThai
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
492

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
343

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
209

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
လူငယ်နိုင်ငံရေး သမားတွေကို ဝဲလ်ကမ်းပဲ

လူငယ်နိုင်ငံရေး သမားတွေကို ဝဲလ်ကမ်းပဲ

နွေအတွက် လျှပ်စစ်မီးလိုအပ်ချက် မဂ္ဂါဝပ် ၅၀၀ ကျော်ရှိဟု ဝန်ကြီးပြော

နွေအတွက် လျှပ်စစ်မီးလိုအပ်ချက် မဂ္ဂါဝပ် ၅၀၀ ကျော်ရှိဟု ဝန်ကြီးပြော

Please login to join discussion
No Result
View All Result

Recommended

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
5.2k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate