သတင်းတို

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

“အမေရိကန် – မြန်မာ စီးပွားရေး ဆက်ဆံမှုများအတွက် တိုးတက်မှုလမ်းကြောင်း” ဟု အမည်ပေးထားသည့် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြင့်မား တိုးတက်လာရေး ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ဝါရှင်တန် အခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရက ထုတ်ပြန်သောစာရင်းအင်း ကိန်းဂဏန်းများအရ ၂ဝ၁၂ ခုနှစ် ဇူလိုင်အထိ မြန်မာနိုင်ငံ၌ အမေရိကန် ရင်းနှီးမြှုပ်နှံမှုသည် လုပ်ငန်းစီမံကိန်း ၁၅ ခု၌ အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၅၆ သန်း ရှိကြောင်း သိရသည်။ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၉၃ ဒသမ ၆၄ သန်း ရှိခဲ့သည်။

Loading