သတင်းတို

မူးယစ်ဆေးဝါး နှိမ်နင်းရေး မြန်မာ-အမေရိကန် သဘောတူ လက်မှတ်ရေးထိုး

This article has been converted from Zawgyi One to Unicode

မြန်မာနှင့် အမေရိကန် နိုင်ငံတို့အကြား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် တားဆီး နှိမ်နင်းရေးအတွက် ဘိန်းခင်း တိုင်းတာရေး အပါအဝင် တခြား ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တရပ်ကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချယ်တို့ ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ယင်း သဘောတူညီချက်အရ ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ဘိန်းထွက်ရှိမှု စစ်တမ်းတခု ပြုလုပ်ရန်၊ ဘိန်းထွက်ရှိမှုနှင့် ဘိန်းကူးသန်း ရောင်းဝယ်မှု၊ နိုင်ငံဖြတ်ကျော် မှုခင်းများ စသည်တို့ကို ဥပဒေကြောင်းအရ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဌာနများအား ကူညီထောက်ပံ့ပေးရန်တို့ ပါဝင်ကြောင်း သိရသည်။

Loading