ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းသည့် စီမံချက်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၁ မှ စတင် ဆောင်ရွက်ခဲ့ရာ ၁၉.၉.၂၀၁၁ တွင် ပထမအဆင့်၊ ၈.၁၁.၂၀၁၁ တွင် ဒုတိယအဆင့်၊ ၂.၁.၂၀၁၂ တွင် တတိယအဆင့် စသည်ဖြင့် စီမံချက်ချ ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ အထိ ယာဉ်အစီးရေ ၇၅၁၉၈ စီး၊ ပြီးစီးမှု ၈၂ ဒဿမ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် လေလံပြန်လည် မှတ်ပုံတင် ယာဉ်များဖြစ်သည့် မာဇဒါ (Mazda) အုပ်စုဝင် ယာဉ်များအားလုံးကို ၁၂.၇. ၂၀၁၂ မှ စ၍ လည်းကောင်း၊ ကျန် လေလံပြန်လည် မှတ်ပုံတင် ယာဉ်များကို ၁၈.၁၁.၂၀၁၂ မှ စ၍ လည်းကောင်း ထည့်သွင်းအပ်နှံ ဆောင်ရွက်ခဲ့ရာ ၄၆၉၆ စီး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ “လ” အက္ခရာ ယာဉ်များ အပ်နှံဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။