တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တရုတ်ဖက်သို့ မှောင်ခိုတင်သွင်းလာသည့် မြွေကောင်ရေ ၄၈၁၅ ကောင်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲများက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။ ခလောက်ဆွဲ မြွေ၊ မြွေဟောက်နှင့် မြွေပွေးများ ပါဝင်ပြီး စုစုပေါင်း အလေးချိန် ၃ ဒသမ ၈ တန်ရှိကြောင်း၊ တရုတ်ရဲများက သံသယရှိသူတဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။