ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၇ နှင့် ပုဒ်မ ၃၃၂ တို့ပါ ပြဋ္ဌာန်းချက်များ အရ သမ္မတရုံးမှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်စွဲပါ အမိန့်အမှတ် ၁၂/ ၂၀၁၃ ဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အဖြစ် ဦးမြသိန်း ခုံရုံး အဖွဲ့ဝင် ၈ ဦးတို့အား တာဝန်ပေး ခန့်အပ်လိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ ဦးမြသိန်းသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။ လွှတ်တော်ရှိ ကော်မတီနှင့် ကော်မရှင်များကို ပြည်ထောင်စုအဆင့် သတ်မှတ်ရေးနှင့် ပတ်သက်၍ အငြင်းပွားမှုများ ပေါ်ပေါက်ပြီးနောက် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင် ၉ ဦး နုတ်ထွက်သွားခဲ့ပြီးနောက် ယခုအသစ် ပြန်လည် ခန့်အပ်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။