ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့နယ်မှ တဆင့် တခြားဒေသသို့ သွားရောက် အလုပ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာ နိုင်ငံသား အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း ၁၆၇ ဦးကို နယ်မြေခံ ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးထားကြောင်း သိရသည်။ ထိုင်း ဒေသခံများ၏ တိုင်းကြားချက်အရ ထိုင်းစစ်တပ်နှင့် ရဲ ပူးပေါင်း၍ မြန်မာနိုင်ငံသားများကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း TNA New အင်တာနက် စာမျက်နှာတွင် ထိုင်းဘာသာဖြင့် ဖော်ပြထားသည်။ ထိုင်း သတင်းအရ အဖမ်းခံရသူများသည် ယခုလ ၂၄ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့နယ်စပ်မှ တဆင့် လာရောက်သူများ ဖြစ်ပြီး တရားမဝင် လာရောက်ကြောင်း စစ်ဆေးတွေ့ရှိရပါက ထိုင်းဥပဒေအရ ဆောင်ရွက်ကာ နယ်စပ်သို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။