သတင်းတို

မြန်မာ ဆန်တန်ချိန် ၁ သိန်းခွဲအထိ ပြည်ပ တင်ပို့မည်

This article has been converted from Zawgyi One to Unicode

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံ ဈေးကွက်များသို့ ဆန်တန်ချိန် ၁ သိန်းခွဲ အထိ တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံမှ ဆန်များကို သြစတြေးလျနှင့် ဥရောပနိုင်ငံများ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး ယခု ၂၀၁၃ ခုနှစ်တွင် ဂျပန်နှင့် ကိုးရီးယားနိုင်ငံများမှ မြန်မာဆန်များကို ဝယ်ယူရန် ကမ်းလမ်းလာကြောင်း သိရသည်။

Loading