သတင်းတို
မလက်တိုရွာ အဓိကရုဏ်းကြောင့် ရဲ ၂၇ ဦး လယ်သမား ၁၅ ဦးဒဏ်ရာရ
This article has been converted from Zawgyi One to Unicode
ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တို ကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အဓိကရုဏ်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ဒေသခံ လယ်သမား ၁၅ ဦးဒဏ်ရာရပြီး မအူပင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဒဏ်ရာပြင်းထန်သော ရဲတပ်ဖွဲ့ဝင် ၁ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး အခြေအနေ မသိရသေးကြောင်း သိရသည်။ ၁၉၉၆ ခုနှစ်က သိမ်းယူခံထားရပြီး ငါးမွေးကန်အဖြစ် ပြုလုပ်ထားသော လယ်မြေများပြန်လည် ရရှိရန် သက်ဆိုင်ရာသို့ တိုင်ကြား တောင်းဆိုထားသော်လည်း အရေးယူစုံစမ်းမှု မရှိသဖြင့် ဒေသခံ လယ်သမား လေးရာခန့်က နွေစပါး ဝင်ရောက် စိုက်ပျိုးရန် ကြိုးစားခဲ့သည်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။