အာရှ၏ နံပါတ် ၃ အဆင့်ရှိ အာမခံ ကုမ္ပဏီကြီး တခုဖြစ်သော AIA အာမခံ ကုမ္ပဏီ၏ ကိုယ်စားလှယ် ရုံးခွဲကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် သဘောတူညီချက် ရရှိထားပြီ ဖြစ်ကြောင်း ရိုက်တာ သတင်းတရပ်၌ ဖော်ပြထားသည်။ ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့တွင် ယင်း ကုမ္ပဏီ အကြီးအကဲ Mark Tucker က ယခုနှစ်ကုန်ပိုင်းတွင် ရုံးခန်းဖွင့် လှစ်နိုင်ရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် ၂၀၁၅ ဝန်းကျင်အထိ လုပ်ငန်းဆောင်ရွက်မှု အပြည့်အ၀ မရနိုင်သေးကြောင်း၊ မြန်မာနိုင်၏ အလားအလာ အနေနှင့်လည်း အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်ခန့်အထိ လုပ်ငန်း အပြည့်အ၀ လည်ပတ်နိုင်ရန် မမျှော်လင့်နိုင်သေးကြောင်း ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။