ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်များ တပ်စွဲထားသည့် တောင်ကုန်း ၂ ခုကို ဒေသခံအစိုးရတပ်က ယနေ့နောက်ဆုံး ထား၍ ရွှေ့ပေးခိုင်းနေပြီး ရှမ်းတပ်ဘက်ကလည်း ဖယ်ပေးခြင်းမရှိဘဲ နှစ်ဘက် တင်းမာနေလျက်ရှိကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ် ဟိုမိန်းမြို့နယ်ရှိ လွိုင်လျန်းတောင်ကုန်းနှင့် မိုင်းထားမြို့နယ်ရှိ လွိုင်မို့နန်းလျန်း တောင်ကုန်းများပေါ်တွင် တပ်စွဲထား သော SSA-S ရှေ့တန်းတပ်များကို ယင်းဒေသရှိ အစိုးရတပ်ဗျူဟာများက ယနေ့ နောက်ဆုံးထား ရွှေ့ပြောင်း ပေးရန် အကြောင်း ကြားထားမှုကို ၎င်းတို့ဘက်က ရွှေ့ပြောင်းရန် ငြင်းဆန်ထားခြင်းဖြစ်ကြောင်း ရှမ်းတပ်ဘက်က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။