သတင်းတို

ဟံသာဝတီ ကားပွဲစားဝင်း အတွင်းသို့ ကားဝင်ထွက်ခွင့် အာဏာပိုင်များ ပိတ်ပင်၊ ဆန္ဒပြမှုများ အရှိန်အဟုန်မြှင့်

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယနေ့မတ်လ ၁ ရက်နေ့မှ စတင်ပြီး ဟံသာဝတီ ကားပွဲစားဝင်း အတွင်းသို့ ကားများ ဝင်ရောက်ခြင်း မပြုနိုင်ရန် အဝင်၊ အထွက်တံခါးများ အားလုံးကို ပိတ်ပင်ပြီး စည်ပင်နှင့် လုံထိန်းရဲများကို ကားဝင်ပတ်ပတ်လည်တွင်ချထား လိုက်သည်။ ယင်းသို့ ကားဝင်းကို ပိတ်ပင်လိုက်မှုကြောင့် ကားဝင်းပြောင်းရွှေ့ရန်ဆန္ဒပြ တောင်းဆိုနေကြသော ကားပွဲစားနှင့် ကားဝင်းအတွင်းရှိ ဆိုင်ခန်းပိုင်ရှင်များက တံခါးများ ချက်ချင်းဖွင့်ပေးရန် တောင်းဆို ဆန္ဒပြမှုများကို လူစုလူဝေးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိသည်။ လုံထိန်းရဲနှင့် အာဏာပိုင်များကလည်း ကားဝင်း တံခါးအနီး ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေပြီး နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားနိုင်သော အနေအထားများ ဖြစ်ပေါ်နိုင်ကြောင်း ကားပွဲစားအချို့က ဆိုကြသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဟံသာဝတီ ကားပွဲစားဝင်းကို ဖေဖော်ဝါရီလကုန်နောက်ဆုံးထားပြီး သီရိမင်္ဂလာ ဈေးဟောင်းသို့ ပြောင်းရွှေ့ အမိန့်ညွှန်ကြားချက် တရပ်ထုတ်ပြန်ထားပြီး ဖြစ်သည်။ ဟံသာဝတီ ကားဝင်းနေရာတွင် ပြည်တွင်း စီးပွားရေး ကုမ္ပဏီအချို့က ကွန်ဒိုစီမံကိန်း အပါအဝင် ဆောက်လုပ်ရေး စီမံကိန်းများ ဆောက်လုပ်ရန် အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်း စီစဉ်နေသည်ဟု သိရှိရသည်။

Loading