သတင်းတို

အိန္ဒိယက မြန်မာနှင့် လမ်းတည်ဆောက်ရေး တိုးမြှင့်မည်

This article has been converted from Zawgyi One to Unicode

အိန္ဒိယ က မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့် လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ရန် လမ်းပိုင်း တည်ဆောက်ရေးကို တိုးမြှင့် သွားမည်ဖြစ်ကြောင်း Express News Service တွင် ဖော်ပြထားသည်။ အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး P Chidambaram က ဘတ်ဂျက် ဆိုင်ရာ မိန့်ခွန်းတခုတွင် အရှေ့မျှော်မူဝါဒအရ အာဆီယံ အပါအဝင် အခြားအာရှနိုင်ငံများ နှင့် ဆက်သွယ်နိုင်ရန် မိမိတို့ နိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသ လမ်းများ၊ မြန်မာနှင့်ဆက်စပ် လမ်းများကို တိုးမြှင့်တည်ဆောက် ရန် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ညှိနှိုင်းထားကြောင်း ပြောသည်။

Loading