သတင်းတို

ဦးသိန်းစိန် မိန့်ခွန်း ရေဒီယိုများမှ ထုတ်လွှင့်မည်

This article has been converted from Zawgyi One to Unicode

နိုင်ငံတဝန်းရှိ ပြည်သူများသို့ ပြောကြားသည့် သမ္မတ ဦးသိန်းစိန် ၏ မိန့်ခွန်းကို မတ်လ ၁ ရက်၊ ၂ ရက်၊ ၃ ရက်နေ့တို့တွင် ရေဒီယို အစီအစဉ်များမှ ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော် မြန်မာ့အသံ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ချယ်ရီ FM ပတ္တမြား FM ၊ ပုဂံ FM နှင့် သဇင် FM တို့မှ နံနက် ၇ နာရီ၊ နံနက် ၁၁ နာရီ၊ ညနေ ၆ နာရီ၊ ည ၈ နာရီ တို့တွင် လည်း ကောင်း၊ ပိတောက်မြေ FM မှ နနံက် ၅ နာရီခွဲ၊ နံနက် ၇ နာရ၊ီ ညနေ ၆ နာရီ၊ ည ၈ နာရီတို့တွင် လည်းကောင်း ထုတ်လွှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယနေ့ ပြောကြားသည့် သမ္မတ ၏ မိန့်ခွန်းတွင် KIO/KIA နှင့် အစိုးရတို့ကြား ယုံကြည်မှုနှင့်နားလည်မှု ပိုမိုတိုးတက်ရရှိကြောင်း၊ ငြိမ်း ချမ်းရေးနှင့် အမျိုးသား ပြန်လည် စည်းလုံးညီညွတ်မှု အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဟု အခိုင် အမာ ယုံကြည်ကြောင်း ထည့်သွင်း ပြောကြား သွားသည်။

Loading