သတင်းတို

ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းသို့သွားရောက်

This article has been converted from Zawgyi One to Unicode

မတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် တောင်အာဖရိက နိုင်ငံမှ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရခဲ့သည့် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်းတို့ ရုံးခန်းသို့ ဘုန်းတောင်ကြီး ဒက်စ်မွန်တူးတူးက တကူးတက လာရောက်တွေ့ဆုံသည့်အတွက် မိမိတို့အနေဖြင့် ရှေ့ဆက်လျှောက်မည့် နိုင်ငံရေးခရီးလမ်းအတွက် ခွန်အားဖြစ်ရကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောသည်။ ဒက်စ်မွန်တူးတူးသည် နိုင်ငံရေးအကျဉ်းသာများ လွတ်မြောက်ရေးနှင့် ပက်သက်၍ တက်ကြွစွာ ပြောခဲ့၊ လှုပ်ရှားခဲ့သူဖြစ်ကြောင်း၊ ယခုလည်း မြန်မာပြည်တွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲကို တွန်းအားပေးရန် မြန်မာပြည် ခရီး စီစဉ်ခြင်းဟု မြင်ကြောင်း သူက ဆိုသည်။ ဘုန်းတော်ကြီး ဒက်စ်မွန်တူတူး၏ လုပ်ဆောင်ချက်များ၊ စွမ်းဆောင်ချက်များကို အတုယူကာ မှတ်သား လေ့လာရမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ပြန်လည် ပြောဆိုခဲ့သည်ဟု သိရသည်။ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အပြင် ၁၉၉၆ ကျောင်းသားသမဂ္ဂအဖွဲ့၊ ၂၀၀၇ ခုနှစ် ကျောင်းသားသမဂ္ဂအဖွဲ့၊ ကျောင်းသား သမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့်တကွ တခြားသော အဖွဲ့အစည်းများလည်း တပြိုင်တည်း တွေ့ဆုံခဲ့ကြသည်။

Loading