သတင်းတို

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ယာယီကော်မတီ ဖွဲ့

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်တွင် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ယာယီ ကော်မတီကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ ယင်းကော်မတီတွင် သမိုင်းပညာရှင်များ၊ တတ်သိပညာရှင်များ၊ စာရေးဆရာများ အပါအဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး လိုအပ်ပါက ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း၊ ရခိုင်တမျိုးသားလုံး လက်ခံနိုင်သည့် အမျိုးသားနေ့ သတ်မှတ်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကော်မတီဝင် တဦးဖြစ်သည့် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။ အဆိုပါ ကော်မတီဖွဲ့ရေး ဆွေးနွေးပွဲသို့ ဥပဒေပညာရှင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပါတီ ဗဟိုကော်မတီဝင်များနှင့် စိတ်ဝင်စားသူ ၅၀ ခန့် တက်ရောက်ကြောင်း သိရသည်။

Loading