သတင်းတို

ထိုင်း-မြန်မာ နယ်စပ် အထူး စီးပွားရေးဇုန် တရုတ် လေ့လာ

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာနယ်စပ်တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ကွင်းဆင်းလေ့လာမည့် တရုတ်ကိုယ်စားလှယ် အဖွဲ့နှင့် မဲဆောက်မြို့ဝန် Teardkiat Shinsoranan တို့ တနင်္ဂနွေနေ့က တွေ့ဆုံကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြ ထား သည်။ ယင်းသို့ လာရောက်လေ့လာခြင်းသည် ထိုင်းအစိုးရ၏ မကြာသေးမီက ဆုံဖြတ်ချက်ဖြစ်သည့်  ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အဝန်း (Asean Economic Community- AEC) ထူထောင်ရေး ရည်မှန်းချက်နှင့် ဆက်စပ်သည်ဟု ဆိုသည်။ တရုတ် ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းမှာ အာဆီယံ အသိုက်အဝန်း အထူးစီးပွားရေးဇုန် ထူထောင်ရေး ကြိုတင်ပြင်ဆင်မှု ဖြစ် ကြောင်းနှင့် မဲဆောက်သည် အရေးကြီးပြီး စံပြဖြစ်မည့် အထူးဇုန်တခု ဖြစ်လာမည်ဖြစ်သည်ဟု မဲဆောက် မြို့ဝန်က ပြော ကြောင်း လည်း ပါရှိသည်။

Loading