သတင်းတို

စည်းကမ်းပျက် ဘတ်စ်ကားများ အင်တာနက်မှ တဆင့် တိုင်ကြားနိုင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲနေသော ဘတ်စ်ကားများ ပြိုင်မောင်းခြင်း၊ လမ်းကြောလုမောင်းခြင်း၊ ပြောင်းပြန် မောင်းခြင်း၊ မှတ်တိုင်ကျော်မောင်းခြင်း၊ သတ်မှတ်နှုန်းထက် ပိုမောင်းခြင်း၊ ကားခ ပိုတောင်း ခြင်း၊ မှတ်တိုင်တွင် စောင့်နေကြသော ခရီး သည်များ လိုက်ပါ၍ရအောင် ကားရပ်မပေးခြင်း၊ အထူးကားများတွင် လူပိုတင်ခြင်း၊ မချေမငံ ရိုင်းပြစွာ ဆက်ဆံခြင်း၊ သတ်မှတ် လမ်းကြောင်းအတိုင်း မမောင်းဘဲ မောင်းချင်ရာလမ်းကြောင်းမှ မောင်းနှင်ခြင်း၊ ရပ်ချင်သော နေရာတွင် ရပ်ခြင်း၊ ခရီးသည်များအား အတင်းအဓမ္မ ဆွဲချခြင်း စသည်တို့ကို တိုင်ကြားနိုင်သည်ဟု သိရသည်။ အီးမေးလ် လိပ်စာ(Email; [email protected]) သို့ ကားနံပါတ်၊ ယာဉ်မောင်း အမည်၊ ယာဉ်နောက်လိုက် အမည်၊ အချိန်၊ နေရာများ ဖော်ပြ၍ မထသ (ဗဟို) သို့ တိုင်ကြားနိုင်ကြောင်းနှင့် အရေးယူ ဖြေရှင်းချက်များကို www.mhtcentral.org.mm အင်တာနက် စာမျက်နှာ၌ ပြန်လည် ကြည့်ရှုနိုင်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading