သတင်းတို

မြန်မာ ပြုပြင်ပြောင်းလဲမှု ဖင်လန် ကူညီမည်

This article has been converted from Zawgyi One to Unicode

ဖင်လန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်သည် ဖင်လန်သမ္မတ H. E. Mr. Sauli Niinisto နှင့် ယခုလ ၁ ရက်နေ့ က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သည်။ ယင်းသို့ တွေ့ဆုံရာတွင် ဖင်လန်သမ္မတက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အားပေးကူညီသွားမည် ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ဆောင်ရွက်မှုများကို အားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၆ ခုနှစ်များအတွင်း မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ယူရို ၆ ဒသမ ၅ သန်း ကူညီ ထောက်ပံ့ရန် လျာထား ကြောင်း၊ မြန်မာနိုင်ငံကို စီးပွာရေး ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက်လည်း ကြိုးစားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု အစိုးရ သတင်းစာများ ဖော်ပြချက်အရ သိရသည်။

Loading