သတင်းတို

ဆက်သွယ်ရေး အရာရှိ တချို့ ပြန်လွှတ်ပေးပြီ

This article has been converted from Zawgyi One to Unicode

ပြီးခဲ့သည့်ဇန်နဝါရီလ ၁၇ ရက်က  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ်၊ အရာရှိ များအပါအဝင် အဆင့်မြင့် အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ဲခြင်းဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်းက ၇ ဦးကို တရားသေပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ သတင်းအချက်အလက်နှင့် နည်းပညာ ဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက“ သူတို့ အကုန်လုံး ပုံမှန်ပြန် အလုပ်လုပ်နေကြပါပြီ၊ တရားခွင် မဝင်ရသေးဘဲ ပြန်လွှတ်လိုက်တာ ဟုတ်မဟုတ် မသိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နေပြည်တော် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန မှ တာဝန်ရှိသူ တချို့ထံသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။ ဆက်သွယ်ရေးအရာရှိများကို မိုဘိုင်းဖုန်းဆင်းကဒ်များ၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ ချထားပေးခဲ့ရာတွင် ဌာနတွင်း အကျင့် ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့မှုရှိမရှိ စစ်ဆေးခဲ့ ခြင်းဖြစ်ကြာင်း သိရသည်။

Loading