သတင်းတို

နစက ၄ ဦး ဘင်္ဂလားဒေ့ရှ်ဘက် နယ်စပ်ကျော်၍ ကန့်ကွက်ခံရ

This article has been converted from Zawgyi One to Unicode

မြန်မာ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက) အဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦးသည် ယခုလ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲသို့ ကျူးကျော်ရောက်ရှိလာခြင်းကို ကောက်စ်ဘဇား အခြေစိုက် အမှတ် (၁၇) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ လူမှောင်ခို ပွဲစားများနှင့် လိုက်ပါလာသည့် တရားမဝင် ဝင်ရောက်လာသူများကို လိုက်လံဖမ်းဆီးရာမှ အမှတ် (၃) နစက တပ်ဖွဲ့ဝင် ၄ ဦးသည် ထိုသို့ နယ်ကျွံသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနယ်ကျွံခြင်းနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်မှ ကန့်ကွက်ကြောင်းနှင့် နောင်တွင် ယင်းသို့ အကြောင်းမကြားဘဲ မဝင်ရောက်ရန် နစကသို့ စာရေးကန့်ကွက်ခဲ့သည်ဟု သိရသည်။

Loading