• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လမ်းပြောင်းပြန်မောင်းပြီး ယာဉ်တိုက်မှုကြောင့် ပြန်/ဆက် ဒုညွှန်မှူး အမှုဖွင့်ခံရ

by ကျော်ခ
4 March 2013
in သတင်း
A A
လမ်းပြောင်းပြန်မောင်းပြီး ယာဉ်တိုက်မှုကြောင့် ပြန်/ဆက် ဒုညွှန်မှူး အမှုဖွင့်ခံရ

နေပြည်တော်ရှိ လွှတ်တော်များ အနီးမှ လမ်းမကြီးတခု (ဓာတ်ပုံ - ကိုစိုး / ဧရာဝတီ)

9.2k
VIEWS
Share on FacebookShare on Twitter

ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းသည် ယာဉ်တိုက်မှုဖြင့် နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့က နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အမှတ် (၅) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရကြောင်း သတင်းရရှိသည်။

ယခုလ ၂ ရက်နေ့က ဇဗ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်ရှိ မြဝတီ ဆီဆိုင်အနီးတွင် ပဏာမ မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်း ကစားသမား ၃ ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ဝင်တိုက်ခဲ့ပြီး ထိုအမှုဖြင့် နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့ က အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့များက ပြောသည်။

RelatedPosts

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
559
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
1.5k
တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
114

ဖြစ်စဉ်တွင် ဦးမျိုးဝင်းသည် ၎င်း၏ ကားကို ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်တွင် လမ်းပြောင်းပြန် မောင်းနှင်လာပြီး လမ်းမှန်အတိုင်း မောင်းနှင်လာသည့် ကစားသမား ၃ ဦး၏ ဆိုင်ကယ်အား မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်မြင့်က ဧရာဝတီသို့ ပြောသည်။

“မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းသမားတွေက မောင်းလာတဲ့ လမ်းကြောင်း အမှန်ထဲကိုမှ လမ်းပြောင်းပြန် မောင်းလာတဲ့ ဦးမျိုးဝင်းရဲ့ကားနဲ့ တိုက်မိတာပါ။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့က အမှတ် (၅) ရဲစခန်းမှာ ပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့်ထား ပါတယ်” ဟု ရဲမှူး ဦးခင်မောင်မြင့်က ပြောသည်။

နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် အမှတ် (၅) ရဲစခန်းမှ ရဲအရာရှိ တဦးကလည်း “ယဉ်ထိန်းရဲတပ်ဖွဲ့က ကျနော်တို့ဆီမှာ အမှုဖွင့်ထားပါတယ်။ ယာဉ်မှုစစ် ဒုရဲအုပ် ကျော်ကျော်နိုင် ကိုယ်တိုင် ဒီအမှုကို ဖွင့်ပြီး သူကိုယ်တိုင် စစ်ဆေးနေပါတယ်။ ယာဉ်ထိန်းရဲက ဆေးစာ ပို့ထားတဲ့ အထဲမှာတော့ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဦးမျိုးဝင်းက မူးနေတယ်လို့ ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသွားသော ပိုက်ကျော်ခြင်း အားကစားသမား ၃ ဦးသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Game) အတွက် ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ထားသူများဖြစ်ပြီး မကွေးတိုင်းမှ ၁ ဦး၊ မွန်ပြည်နယ်မှ ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကစားသမား ၃ ဦးအား နေပြည်တော် ကုတင် ၁ ထောင်ဆံ့ ဆေးရုံကြီးတွင် ပွန်းပဲ့ ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူလျက်ရှိပြီး ဒဏ်ရာများမှာ စိုးရိမ်စရာမရှိကြောင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးအဖွဲ့ ဦးစီးအရာရှိ ဦးထွဋ်ခိုင်လွင် က ဧရာဝတီသို့ ပြောသည်။

“သူတို့က ရန်ကုန် ခြင်းလုံးအဖွဲ့ချုပ်က ပို့ထားတဲ့ ကစားသမားတွေ။ ဆီးဂိမ်းအတွက် စခန်းသွင်း လေ့ကျင့်နေတဲ့ ကစားသမားတွေပါ။ ဒဏ်ရာတွေကတော့ စိုးရိမ်စရာမရှိပါဘူး။ မကွေးက တယောက်ကတော့ မနေ့ကပဲ ဆေးရုံက ဆင်းလာပြီ။ နောက်တယောက်လည်း သက်သာနေပါပြီ။ အဆိုးဆုံး တယောက်ကတော့ အကြောညှပ်သလို၊ လွဲသလို ဖြစ်သွားလို့ ခွဲစိတ်ရမယ်လို့ သိရတယ်။ သူလည်း တလလောက်နားပြီး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မှာပါ” ဟု ဦးထွဋ်ခိုင်လွင် က ပြောသည်။

ဥပဒေအကြောင်းအရ အစိုးရ အရာရှိတဦးအနေဖြင့် အမှုဖြစ်ပွားနေစဉ်တွင် အမှုရင်ဆိုင်စဉ် ကာလမှ ပြီးဆုံးချိန်အထိ တာဝန်မှ ယာယီ ရပ်ဆိုင်းထားရမည် ဖြစ်ကြောင်း တရားရုံးချုပ်ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင်လည်း ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း၊ မတ်လ ၅ ရက်နေ့တွင် အပြီးစစ်ဆေးကာ ရရှိလာသည့် အချက်များအပေါ် မူတည်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ မနက်ဖြန် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးချက်ပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ သူ့ (ဦးမျိုးဝင်း) ကို ထိထိရောက်ရောက် အရေးယူလိုက်မှာပါ” ဟု ပြန်/ဆက် ဦးစီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ဧရာဝတီသို့ ပြောသည်။

ရဲတပ်ဖွဲ့၏ ပြောဆိုချက်အရ အခင်းဖြစ်ပွားစဉ်၌ ဒဏ်ရာရ ကစားသမားများကို ဦးမျိုးဝင်းက ၎င်း၏ ရာထူးတာဝန်များကို အလွဲသုံးစားပြုလုပ်၍ ကြိမ်းမောင်း ပြောဆိုမှုများ ရှိခဲ့သည်ဟု စွပ်စွဲပြောဆိုထားကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမျိုးဝင်းကို ဧရာဝတီက မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။

Your Thoughts …
Tags: MinistryNay Pyi TawRule of Law
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရာဇဓာနီ မင်းနေပြည်တော်နဲ့ …

ရာဇဓာနီ မင်းနေပြည်တော်နဲ့ …

by ကိုစိုး
12 January 2013
9.7k

စေတီတော် ရင်ပြင် ပေါ်ကို ဓာတ်လှေကားနဲ့ တက်လာခဲ့ရာ အရှေ့တောင်အရပ်မှာ အမြင့်ပေ ၁၀၀ ကျော်ရှိတဲ့ ကမ္ပည်းမော်ကွန်းတိုင် ရှိပါတယ်။ မော် ကွန်းတိုင်မှာ ရေးထိုးထားတဲ့ မော်ကွန်း ကမ္ပည်းလွှာက စစချင်း စကားလုံးပါ။

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

Next Post
အစိုးရနှင့် KIO မကြာခင် ထပ်တွေ့မည်

အစိုးရနှင့် KIO မကြာခင် ထပ်တွေ့မည်

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမများ ရိုက်နှက်ခံရမှု စက်ရုံကို အမှုဖွင့်

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမများ ရိုက်နှက်ခံရမှု စက်ရုံကို အမှုဖွင့်

Please login to join discussion
No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate