ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ အာရွှတ် နီဂမ် (Mr. Ashok Nigam) ဦးဆောင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ်တွင် လေ့လာပြီးနောက် ယမန်နေ့က စစ်တွေဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည်။ တက်ရောက်လာသော သတင်းထောက်များက ဘင်္ဂါလီ ဒုက္ခသည်များကို တတိယနိုင်ငံ ပို့ဆောင်ရေး မေးမြန်းကြရာ မစ္စတာ အာရွှတ် နီဂမ်က ဘင်္ဂါလီ ဒုက္ခသည်များကို တတိယနိုင်ငံပို့ရေး မဆုံးဖြတ်နိုင်သေးကြောင်း၊ ၁၉၈၂ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးနောက် ဖြစ်ပေါ်လာသော အခြေအနေကို အစိုးရက ကိုင်တွယ်မှုအား စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသည်ဟု သတင်းထောက်တဦးက ပြောသည်။ မစ္စတာ အာရွှတ် နီဂမ်နှင့် အဖွဲ့သည် မတ်လ ၃ ရက်နေ့က စစ်တွေသို့ ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ ဒုက္ခသည် စခန်းများကိုလည်း လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။