သတင်းတို

EU ပိတ်ဆို့မှု အားလုံး ရုပ်သိမ်းပေးရန် ဦးသိန်းစိန် တောင်းဆို

This article has been converted from Zawgyi One to Unicode

ဥရောပသမဂ္ဂ(EU)၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအားလုံး ရုပ်သိမ်းပေးရန် သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံကြောင်း သတင်းရသည်။ ဥရောပ ခရီးစဉ်အတွင်း သြစတြီးယားနိုင်ငံကို ရောက်ရှိနေစဉ် သြစတြီးယားသမ္မတ Heinz Fischer နှင့် တွေ့ဆုံ အပြီး သမ္မတနှစ်ဦး ပူးတွဲကျင်းပသည့် တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်ကြောင်း RFA ရေဒီယို သတင်း တွင် ပါရှိသည်။ ဦးသိန်းစိန် အစိုးရ လက်ထက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာ၍ EU က လက်နက် အရောင်းအဝယ် ကလွဲပြီး ပိတ်ဆို့အရေးယူမှုများကို ယာယီဆိုင်းငံ့ထားသည်။

Loading