သတင်းတို

Western Union နှင့် ငွေလွှဲနိုင်တော့မည်

This article has been converted from Zawgyi One to Unicode

မြန်မာ ဘဏ်များအနေဖြင့် အမေရိကန် အခြေစိုက် ငွေလွှဲလုပ်ငန်းကြီး ဖြစ်သည့် Western Union နှင့်ပူးပေါင်း၍ ကမ္ဘာအရပ်ရပ် သို့ ငွေလွှဲပြောင်း ပေးပို့မှုများ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်၊ အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီ ဘဏ် တို့နှင့် ငွေကြေးလွှဲပြောင်းခွင့် ပြုသည့် အထွေထွေလိုင်စင် ထုတ်ပေးခဲ့ကြောင်း၊ အခြားဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ မြန်မာ အရှေ့တိုင်းဘဏ်၊ သမဝါယမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဘဏ်နှင့် ယူနိုက်တက် အမရာ ဘဏ် တို့အား မူလကပင် ကန့်သတ်ထားခြင်း မရှိကြောင်း၊ VISA ကတ်၊ Master ကတ်၊ CUP ကတ် စသည်တို့ကိုလည်း ပြည်တွင်းဘဏ်များ ၏ ATM များတွင် ငွေထုတ်ယူနိုင်လာမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

Loading