အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ များကို ကရင် အမျိုးသား အစည်း အရုံး(KNU) ခေါင်း ဆောင်များက အစိုးရအရာရှိများနှင့် အလွတ် သဘော တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ယနေ့ မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာတွင် KNU ဆက်ဆံ ရေးရုံး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည့် KNU ခေါင်းဆောင်များက တွေ့ဆုံမည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့ ရက်စွဲဖြင့် KNU က သတင်း ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက် အရ ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနားကို KNU ဥက္ကဌ စောမူတူး စေးဖိုး ဦးဆောင်၍ အဖွဲ့ဝင် ၇ ဦး လိုက်ပါသွားကြောင်း သိရ သည်။ ၂၀၁၂ ခု နှစ်ဆန်းပိုင်းက KNU အဖွဲ့သည် အစိုးရနှင့် အပစ် အခတ် ရပ်စဲထားပြီး ဗဟို ဆက်ဆံရေး ရုံး ၂ နေရာ နှင့် ခရိုင် အဆင့် ဆက်ဆံရေးရုံး ၁၂ နေရာတို့ကို ဖွင့်လှစ်ရန် ပဏာမ သဘော တူညီမှု ရရှိထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။