သတင်းတို

ပိတ်ဆို့မှု ဖယ်ရှားရေး သြစတြီးယား ထောက်ခံမည်

This article has been converted from Zawgyi One to Unicode

ဥရောပ သမဂ္ဂအဖွဲ့ အစည်းများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် သြစတြီးယား ထောက်ခံသွားမည် ဖြစ်ကြောင်း သြစတြီးယားနိုင်ငံ သမ္မတ H.E. Dr. Heinz Fischer က ယနေ့ ပြောကြားသည်ဟု သိရသည်။ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေး နွေးပွဲအပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် သမ္မတ H.E. Dr. Heinz Fischer က သတင်းထောက်များကို ပြောကြားသည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ ယခင် မြန်မာ စစ်အစိုးရ လက်ထက်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခြင်းကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများကို ၁၉၉၇ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

Loading