ငြိမ်းချမ်းရေး အတွက် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ထပ်မံ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ငြိမ်ချမ်းရေး အကျိုးဆောင်များ၏ အဆိုအရ ယခုလ ၁၁ ရက်နေ့တွင် တွေ့ဆုံရန် နှစ်ဖက်ကိုယ်စားလှယ်များက အဆိုပြုထားပြီး အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်၍ အစိုးရစစ်တပ်မှ ခေါင်းဆောင်တချို့လည်း ပါဝင်မည်ဟု သိရသည်။ အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြည်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သော်လည်း သဘောတူညီချက် တစုံတရာ မရရှိဘဲ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုး အိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများနှင့် ပြည်တွင်း စစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များ၊ တောတောင်များထဲတွင် ခိုလှုံနေကြရဆဲ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။