သတင်းတို

အစားအစာနှင့် အာဟာရဆိုင်ရာ အစည်းအဝေး ကျင်းပမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အစားအစာနှင့် အာဟာရဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ် ၂၀၁၁-၂၀၁၅ ညှိနှိုင်းအစည်းအဝေးကို မတ် ၅ မှ ၈ ရက်နေ့အထိ နေပြည်တော် မန်းမြန်မာ ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး ဦးစီး ဌာန(အာဟာရ ဌာနစိတ်) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့(FAO) တို့ ပူးပေါင်း၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အစားအစာနှင့် အာ ဟာ ရ ဆိုင်ရာ လုပ်ငန်း အစီအစဉ်များတွင် အခြားဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ ပါဝင်ဆွေးနွေးရန် ဖြစ်ကြောင်း၊ အစားအစာနှင့် အာဟာရဆိုင်ရာ အချက်အလက်များကိုလည်း လူထုဆက်သွယ်ရေး လမ်းကြောင်းများမှ ဖော်ပြသွားမည် ဖြစ်ကြောင်း အစိုးရ သတင်းစာ များတွင် ဖော်ပြ ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading