မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့တွင် ကျင်းပမည့် ၇ ကြိမ်မြောက် ဒီမိုကရေစီ အသိုက်အဝန်း ဝန်ကြီးအဆင့် ညီလာခံ သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း သတင်းရသည်။ မွန်ဂိုလီးယား အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ ဆိုင် ရာ သမ္မတ အကြံပေး L.Purevsuren နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက် လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်း စိန် အပါအဝင် ဝန်ကြီးဌာန အဆင့်ဆင့်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း၊ မွန်ဂို လီး ယား နိုင်ငံတွင် ဧပြီ ၂၇ မှ ၂၉ ရက်နေ့အထိ ကျင်းပမည့် ၇ ကြိမ်မြောက် ဒီမိုကရေစီ အသိုက်အဝန်း ဝန်ကြီးအဆင့် ညီလာခံ သို့ အစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရများ၊ အဖွဲ့အစည်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း InfoMongolia.com သတင်းတရပ်၌ ဖော်ပြထားသည်။ ယင်း ညီလာခံ နိုင်ငံ ပေါင်း ၁၃၁ နိုင်ငံမှ ဝန်ကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၀ နှင့် အခြား နိုင်ငံတကာ ဂုဏ်ဆောင် အထင် ကရ ပုဂ္ဂိုလ် ၁၀ ဦး အား ဖိတ်ကြားထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။