သတင်း

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် New York Convention အဖွဲ့ဝင်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်စိတ်ချမှုပိုမိုရရှိရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအကျိုးစီးပွား ပဋိပက္ခများ ဖြေ ရှင်းရေး နယူးယောက် သဘောတူညီချက်(New York Convention) အဖွဲ့ ဝင်ရန် ပြည်ထောင်စု လွှတ်တော်က ယမန်နေ့ က သဘောတူညီ လိုက်သည်။

New York Convention အဖွဲ့သို့ မြန်မာနိုင်ငံ ဝင်ရောက်ရေးကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၆ ဦး က ဆွေးနွေး ကြသည်။

မြန်မာနိုင်ငံ အနေဖြင့် New York Convention အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့လျှင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်စိတ်ချမှု ပိုမိုရရှိလာ မည်ဖြစ်သကဲ့သို့ အကျိုးစီးပွား ပဋိပက္ခ တစုံတရာဖြစ်ပွားခဲ့ပါက နိုင်ငံတကာ ခုံသမာဓိရုံးတွင် ဖြေရှင်းနိုင်ပြီး မိမိနိုင်ငံ၏ တရား ဥပဒေများနှင့်လည်း တရားဝင် ဖြေရှင်းနိုင်သည့် အကျိုးကျေးဇူးကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ဝင်ရောက်ပါက အပြည်အ၀ အကျိုးရှိမည်ဖြစ်ကြောင်း၊ သို့သော် အငြင်းပွားမှုဖြစ်ပေါ်ပါက ဖြေရှင်း ရန် မိမိနိုင်ငံ၏ တရားစီရင်ရေး ယန္တရားကို အဆင့်အတန်းမီမီ ပြုပြင်ထားရန်၊ မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းရမည်ဆို သည်ကို လည်း ကျေညက်စွာ နားလည်ထားရန် လိုအပ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအနေဖြင့် မိမိနိုင်ငံ၏ အရည်အသွေးကို ယုံကြည်မှသာ လာရောက်ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

New York Convention အဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ အဆိုတင်သွင်းခြင်းဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က“စစ်အစိုးရ လက်ထက်က နိုင်ငံတကာ စီးပွားရေးမျက်နှာစာမှာ စင်ကာပူ၊ ရုရှား၊ တရုတ်တို့လို ပွဲစားနိုင်ငံတွေနဲ့ပဲ ဆက်ဆံရတော့ ကျနော်တို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် တွေ အလိမ်ခံရရင် သူတို့တရားရုံးတွေက အနိုင်ပေးတာတောင် ကာယကံရှင်က မပေးဘဲနေတာ ကြုံဖူးတယ်၊ အခုအဖွဲ့ဝင်ဖြစ် ရင် ဒီလိုလုပ်လို့ မရတော့ဘူး”ဟု ပြောဆိုသည်။

ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်လာသည့်အတွက် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ မှုများ ဖြေလျှော့လာပြီ ဖြစ်ပြီး နိုင်ငံတကာနှင့်စီးပွားရေးဆက်ဆံမှု ပြုလုပ်လာကြပြီဖြစ်ရာ မတော်တဆ လိမ်လည်ခံရမှု၊ ဆုံးရှုံးမှုများဖြစ် ပေါ်လာပါက နစ်နာမှုမရှိစေရန် New York Conventionသို့ ဝင်ထားရမည်ဖြစ်သည်ဟုလည်း ဦးကြည်မြင့်က ဆက်ပြောသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဆက်အောင်ကလည်း မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန် အခြေခံ အဆောက်အအုံကောင်းများ လိုအပ်ကြောင်း၊ ပြင်ဆင်ထားရန်လည်း လိုအပ်ကြောင်း လွှတ်တော် ၌ ပြောကြား သွားသည်။

New York Convention အဖွဲ့ကို ၁၉၅၈ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံထဲမှ အဖွဲ့ဝင် ၁၄၆ နိုင်ငံ ရှိကြောင်း၊ မြန်မာ့ အိမ်နီးချင်း ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့်နိုင်ငံများမှာ အဖွဲ့ဝင်ထားပြီး ဖြစ်သည်။ New York Convention အဖွဲ့သည် ကုလသမဂ္ဂ လူမှုရေးနှင့် စီးပွားရေးကောင်စီနှင့် ချိတ်ဆက်ထားသော အဖွဲ့လည်းဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading