သတင်းတို

မြန်မာပြည်တွင် Hilton ဟိုတယ် ဖွင့်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင် အခန်းပေါင်း ၃၀၀ ပါ အဆင့်မြင့် Hilton Yangon ဟိုတယ်ကို ၂၀၁၄ ခုနှစ်အမီ ဖွင့်လှစ်မည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ ယင်း ဟိုတယ်ကို LP Holding ကုမ္ပဏီ လီမိတက်နှင့် ပူးတွဲတည်ဆောက်မည် ဖြစ်ပြီး၊ အထပ်ပေါင်း ၂၅ ထပ်ပါ Tower အဆောက်အဦမျိုး တည်ဆောက်ရန် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် သဘောတူညီချက် ရရှိထားကြောင်း သိရသည်။ LP Holding ကုမ္ပဏီ လီမိတက်ကဲ့သို့ ခိုင်မာသည့် ကုမ္ပဏီနှင့် အတူတွဲကာ ရန်ကုန်တွင် နိုင်ငံတကာ အသိအမှတ်ပြု Hilton Yangon ဖွင့်လှစ်ရန် ယုံကြည်မှု အပြည့်ရှိကြောင်း၊ ပြည်တွင်းရော ပြည်ပခရီးသွားများအတွက်ပါ အရည်အသွေးမီ ကောင်းမွန်သည့် ဟိုတယ်ဖြစ်ရန် စီစဉ်ထားကြောင်း Hilton Worldwide ၏ ဒုတိယဥက္ကဋ္ဌ Andrew Clough က ပြောသည်။ လက်ရှိ ရန်ကုန်တွင် ဟိုတယ်ခန်း ၈၀၀၀ ခန့်ရှိကြောင်း၊ သို့သော် ထက်ဝက်ခန့်သာ နိုင်ငံတကာ အဆင့်မီကြောင်း၊ ယင်းဟိုတယ် လာရောက် ဖွင့်လှစ်ခြင်းအားဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ ၂၀၁၄ ခုနှစ် ရည်မှန်းချက်ဖြစ်သော ဟိုတယ်ခန်း ၁၅၀၀ ထပ်တိုးရေးကို အထောက်အကူ ဖြစ်စေမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထွန်းကို ကိုးကား၍ ဖော်ပြထားသည်။ နိုင်ငံခြား ခရီးသွား ရောက်ရှိမှုသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် ၂၀၁၁ မှစကာ တိုးတက်လာခြင်းဖြစ်ပြီး ၂၀၁၂ တွင် ၃၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading