မြန်မာ့ဘက်မှလာသော စိတ်ကြွဆေးပြား အလုံး ၅၄၀၀ ကို မောင်တောမြို့ အနောက်မြောက်ဘက် ၁၀၀ ကီလိုမီတာခန့် အကွာရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမြို့တွင် ယခုလ ၃ ရက်နေ့၌ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ယင်း စိတ်ကြွဆေးပြားများကို အာလန် (၃၀) နှစ်နှင့်အတူ တာ့ခ်နာ၊ စစ်တကောင်း၊ ကောက်စ်ဘဇား ကားလမ်းဆုံတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။ စိတ်ကြွဆေးပြား တပြားလျှင် မြန်မာနိုင်ငံဘက်ခြမ်း မောင်တောမြို့၌ ကျပ် ၁၀၀၀ ကျော်သာရှိပြီး ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက်ခြမ်း တာ့ခ်နာနှင့် ကောက်စ်ဘဇားမြို့များတွင် တာကာငွေ ၂၀၀ (၂၀၀၀ ကျပ်) မှ ၂၅၀ (၂၅၀၀ ကျပ်) အထိ ပေါက်ဈေးရှိသည်။ ပြီးခဲ့သည့် လအတွင်း စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှု နည်းသော်လည်း ယခုလတွင် ဖမ်းဆီးရရှိမှု မြင့်လာကြောင်း တာ့ခ်နာမြို့မှ ထောက်လှမ်းရေးတဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။