စတင်တည်ထောင်ပြီး ၂၅ နှစ်ခန့် အကြာတွင် NLD ပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ယနေ့ စတင်ကျင်းပပြီဖြစ် သည်။ ကိုယ်စားလှယ်ပေါင်း ၉၀၀ ခန့်တက်ရောက်သည့် ပါတီ ဗဟို ညီလာခံက ပါတီကို ဆက်လက် ဦးဆောင်သွားနိုင်မည့် သူများကို ရွေးချယ်မည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အောင်မြင်မှုများ ရရှိနိုင်ရန် ညီလာခံက အထောက် အပံ့ ကောင်း ဖြစ်စေမည် ဖြစ်ကြောင်း၊ ဝါရင့်သူများ၊ အတွေ့အကြုံရှိသူများ နှင့် လူငယ်မျိုးဆက်သစ်များ ပေါင်းစပ် ထားသည့် အဖွဲ့အစည်းပုံစံသစ် တမျိုးဖြစ်လာမည် ဖြစ်ကြေင်း ခန့်မှန်းမှုများလည်း ရှိနေသည်။ ညီလာခံ မကျင်းပခင် ကိုယ်စားလှယ် ထုတ်ပယ်မှုများ ဖြစ်ပေါ်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။