ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး နှင့် United State Agency for Intrnational development (USAID) မှ Assistant Administrator, Mr. Gregory A. Beck တို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံသည်။ တွေ့ဆုံရာတွင် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အစီအစဉ်ဖြင့် လွှတ်တော်များ သို့ ကူညီပံ့ပိုး ပေး ရေး၊ မြန်မာလွှတ်တော်များနှင့် အမေရိကန်ပြည်ထောင်စု ကွန်ဂရက်များအကြား ရင်းနှီးစွာဆက်သွယ်၍ အတွေ့အကြုံများ ဖလှယ်ရေး၊ National Democratic Institute အစီအစဉ်ဖြင့် နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပရေး၊ လေ့လာရေး ကိစ္စများ ဆွေးနွေးကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။