နည်းပညာဆိုင်ရာ အဖွဲ့ဖြစ်သည့် Cisco က အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ(USAID)နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် သတင်းဆက်သွယ်ရေး နည်းပညာဆိုင်ရာ သင်တန်းများ ပေးမည်ဖြစ်ကြောင်း သိရသည်။ USAID အုပ်ချုပ်ရေးမှူး ဒေါက်တာ Rajiv Shah က ရန်ကုန်တွင် သတင်းဆက်သွယ်ရေး နည်းပညာ သင်တန်းများ ပို့ချ ပေးခြင်းဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများတွင် အခွင့်အလမ်းများ ပိုမိုရရှိစေမည် ဖြစ်ကြောင်း VOA သတင်းဌာနသို့ ပြောဆိုထားသည်။ ပညာရေးဆိုင်ရာ သက်မွေး တက္ကသိုလ် ၂ ခုတွင် ဆက်သွယ်ရေး ကိရိယာများ၊ စမ်းသပ်ခန်းများ ပေးအပ်လှူဒါန်းမည်ဖြစ်ပြီး၊ အခြား တက္ကသိုလ် ၁၅ ခု တွင်လည်း နည်းပညာများ ပို့ချသွားမည်ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံစုံ နည်းပညာဆိုင်ရာ ကော်ပိုရေးရှင်းဖြစ်သည့် အမေရိကန် အခြေပြု Cisco အနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၅ နိုင်ငံတွင် နည်းပညာဆက်သွယ်ရေး အကယ်ဒမီ ၁၀၀၀၀ ကျော် ထူထောင် ပေးနိုင်ခဲ့ ပြီး နည်းပညာဆိုင်ရာ ဝင်ခွင့်အဆင့်အတွက် အားပေးကူညီလျက် ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။