သတင်း

ရခိုင် သမိုင်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၌ လက်ရှိဖြစ်ပွားနေသော ဒေသတွင်း ပဋိပက္ခများနှင့်ဆက်စပ်၍ ရခိုင်သမိုင်းဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသွားမည်ဟု သိရသည်။

ဆွေးနွေးပွဲကို မတ်လ ၉ ရက်နေ့တွင် ဘန်ကောက်ရှိ မဟိဒေါ တက္ကသိုလ်၌ ကျင်းပမည် ဖြစ်ပြီး ပြင်သစ်နိုင်ငံမှ သမိုင်း ပညာရှင် Dr.Jacques P Leider ၊ နယ်သာလန်နိုင်ငံမှ Dr.Stephan နှင့် ဂျပန်နိုင်ငံမှ ပါမောက္ခ ဒေါက်တာ အေးချမ်း တို့က ရခိုင်သမိုင်းကြောင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း ထိုအခမ်းအနား ဖြစ်မြောက်ရေး ကော် မတီ အတွင်းရေးမှူးနှင့်ဘဏ္ဍာရေးမှူး ဖြစ်သူ ဦးရေဝတ က ဧရာဝတီ ကို မိန့်သည်။

ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းဟောပြောပွဲလုပ်ရခြင်း ရည်ရွယ်ချက် ၃ ခု၌ ရခိုင်တို့၏ ခောတ်အဆက်ဆက် သမိုင်းကို ကမ္ဘာက သိစေလိုခြင်း၊ မြန်မာနိုင်ငံ၌ တရားဝင်မရှိသည့် ရိုဟင်ဂျာဆိုသော အမည်ကို အသုံးပြုနေခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားနေရခြင်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းတခု ရှာဖွေနိုင်ရေးနှင့် နိုင်ငံတကာ ပညာရှင်များ၏ ရခိုင်သမိုင်း ဆိုင်ရာ ရှင်းလင်းပြောကြားမှုများကို အထောက်အထား ခိုင်မာသည့် စာအုပ်၊ စာတမ်း အဖြစ် နိုင်ငံတကာ တက္ကသိုလ် စာကြည့်တိုက်များတွင် ထားရှိနိုင်ရေး တို့ပါဝင်ကြောင်း ၎င်းက ဆက်လက်မိန့်ဆိုသည်။

“ရိုဟင်ဂျာဆိုတာ သမိုင်းမှာ တကယ်ရှိမရှိဆိုတာကို သမိုင်းပညာရှင်တွေက ဘာပြောကြသလဲ ဆိုတာကို သမိုင်း အထောက်အထားနဲ့ ပညာရှင်တွေက ပြောကြမှာပါ၊ ဒီနာမည်ကို အသုံးပြုလို့ ဖြစ်ပွားရတဲ့ ပဋိပက္ခ တွေကိုလည်းပဲ သမိုင်းရှှုထောင့်က ဖြေရှင်းနိုင်မယ့် နည်းလမ်းတခုကို ရစေချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်”ဟု ဦးရေဝတ က မိန့်သည်။

ထိုအခမ်းအနားသို့ ဘန်ကောက်မြို့ရှိ နိုင်ငံတကာ သံရုံး ၁၇ ခု မှ တာဝန်ရှိသူများ၊ ပြည်ပရှိ မြန်မာ မီဒီယာများ၊ ဘန်ကောက်မြို့ရှိ တက္ကသိုလ်များမှ သမိုင်းပါမောက္ခများ၊ သမိုင်းဘာသာ လေ့လာနေသည့်ကျောင်းသားများ၊ စိတ်ပါဝင်စားသူများကို ဖိတ်ကြားထားကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်း က ဧရာဝတီ ကို ပြောသည်။

ထို့အတူ ပြည်တွင်းမှ အလဲဗင်း မီဒီယာနှင့် Sky Net ရုပ်သံ၊ ရခိုင်လူမှု အဖွဲ့အစည်းများ၊ ရခိုင်တိုင်းရင်းသားများတိုး တက် ရေးပါတီ(RNDP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် ၎င်းတို့၏ ပါတီဝင် တချို့လည်း တက်ရောက်ကြမည် ဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးနှင့်ကိုမြအေးတို့အား ဖိတ်ကြားခဲ့သော်လည်း တက်ရောက်မည် မဟုတ် ဟု သိရသည်။

ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲသည် ပြည်တွင်းထက် နိုင်ငံတကာအတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သမိုင်းဆိုင်ရာနှင့်ပတ်သက်၍ မရှင်းလင်းမှု၊ လူမျိုးအမည် အသုံးပြုမှုနှင့်ပတ်သက်၍ မရှင်းလင်းမှု၊ သံသယရှိမှု တို့နှင့် ပတ်သက်၍ တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပညာရှင်များက ဖြေကြားပေးမည့် အစီအစဉ်များ ဆောင်ရွက် ထားကြောင်း အခမ်းအနား စီစဉ်သူများက ပြောသည်။

ဦးကျော်သောင်းက“မြန်မာနိုင်ငံမှာ အမှန်တကယ် မရှိတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ပြည်ပ မီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့တွေက သုံးစွဲနေတဲ့ ကိစ္စကို ပညာရှင်တွေ ကိုယ်တိုင်ရှင်းလင်းဖို့၊ ဒီလူမျိုးအမည်က သမိုင်းမှာ မရှိဘဲ လူတစုက တီထွင်ထားတာသာ ဖြစ်တယ်ဆိုတာကို သာမန်လူတွေက ပြောရင်မှန်ကန်မှု မရှိလို့ နိုင်ငံတကာ ပညာရှင်တွေက ရှင်း လင်းပေးဖို့ ဆောင်ရွက်ရတာပါ”ဟု ဆိုသည်။

ဆွေးနွေးပွဲမှ ပညာရှင်များ၏ ရခိုင်သမိုင်းဆိုင်ရာ ပြောဆိုဆွေးနွေးမှုများအား မြန်မာ၊ အင်္ဂလိပ်နှင့်ထိုင်း ဘာသာ တို့ဖြင့် စာအုပ်ထုတ်၍ ထိုစာအုပ် စာတမ်းများကို သမိုင်းဘာသာ စိတ်ဝင်စားသူများ၊ ကျောင်းသားများ၊ လူအများလေ့လာဖတ် ရှှု ကိုးကားနိုင်ရန် နိုင်ငံတကာ တက္ကသိုလ် စာကြည့်တိုက်များ၌ ထားရှိသွားမည်ဟု ဦးရေဝတ က မိန့်ကြားသည်။

“ရခိုင်သမိုင်းနဲ့ပတ်သက်ပြီး အထောက်အထားခိုင်မာတဲ့ သမိုင်းမှတ်တမ်းတခု တည်ရှိမယ်ဆိုရင် ရခိုင်သမိုင်း လေ့လာ ချင်သူတွေအတွက် အလွယ်တကူ ရရှိအောင်လို့ပါ”ဟုလည်း ဦးရေဝတက ဆက်လက် မိန့်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading