ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာတွင် ယခုလ ၆ ရက်နေ့က ထော်လာဂျီယာဉ်တစီး တိမ်းမှောက်မှုကြောင့် စီးနင်းလိုက်ပါလာသူ ၄ ဦးအနက် ၁ ဦးသေဆုံးကာ၊ ၃ ဦးဒဏ်ရာရှိခဲ့ကြောင်း ဒေသတွင်းမှ လာသော သတင်းများအရ သိရသည်။ သေဆုံးသူမှာ ကမ်းထောင်းကြီးရွာနေ ဇော်သန်းချေ (ဘ) ဦးတင်ချေ (၃၀ နှစ်) ဖြစ်ပြီး ၎င်းတို့ ၄ ဦးမှာ အလှူတခုအတွက် ထော်လာဂျီကားတစီးဖြင့် ငှက်ပျောပင် ခုတ်သွားရင် တောင်းစောင့်မှ အဆင်း တောင်အောက်သို့ ထိုးကျသွားဖြစ်ကြောင်း ကမ်းထောင်းကြီးရွားသား တဦးက ပြောသည်။ ယာဉ်မောင်းမှာ ဒဏ်ရာမရရှိဘဲ ထွက်ပြေးသွားကြောင်း၊ ဒဏ်ရာရသူ ၃ ဦးအနက် အမ်းမြို့ ဆေးရုံးသို့ ၁ ဦးပို့ဆောင်ထားပြီး ကျန် ၂ ဦးကို ကမ်းထောင်းကြီးဆေးရုံတွင် ဆေးကုသလျှက် ရှိကြောင်း သိရသည်။ ကျေးရွာချင်း ဆက်နေသည့် လမ်းများ မကောင်းသည့်အတွက် မတော်တဆ ကားမှောက်မှုများ မကြာခဏ ဖြစ်လေ့ရှိကြောင်း မြေပုံမြို့ခံတဦးကပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။