သတင်း

မြန်မာ့ သဘာဝဓာတ်ငွေ့ ရပ်ဆိုင်းမှု ထိုင်းစီးပွားရေး လုပ်ငန်းတချို့ ထိခိုက်နိုင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ သို့ ပေးပို့နေသည့် သဘာ၀ ဓာတ်ငွေ့များကို ခေတ္တ ရပ်ဆိုင်းမည် ဖြစ်သောကြောင့် ထိုင်း စီးပွားရေး လုပ်ငန်း တချို့အပါအဝင် စက်ရုံ အလုပ်ရုံတချို့ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း သိရသည်။

မြန်မာ အစိုးရက တနင်္သာရီတိုင်း မုတ္တမ ကမ်းလွန် ပင်လယ်ပြင်ရှိ ရတနာ သဘာ၀ ဓာတ်ငွေ့ လုပ်ကွက်တွင် ပြင်ဆင်မှုများ ပြုလုပ် မည် ဖြစ်၍ ဧပြီ ၅ ရက်မှ စတင်၍ ၁၄ ရက်နေ့ အထိ ထိုင်းနိုင်ငံသို့ သဘာ၀ ဓာတ်ငွေ့ပေးပို့မှုများ ခေတ္တရပ်ဆိုင်းရန် စီစဉ်ထားသည်။

ထိုင်း တနိုင်ငံလုံးအတွက် လိုအပ်သော စွမ်းအင်၏ ၄ ပုံ ၁ ပုံကို မြန်မာနိုင်ငံမှ ဝယ်ယူသည့် သဘာဝဓာတ်ငွေ့ဖြင့် အသုံးပြုနေခြင်း ဖြစ် သည်ဟု သိရသည်။

ထိုင်း လျှပ်စစ်ဌာန တာဝန်ရှိသူများ အနေနှင့် ဒေသအတွင်း လျှပ်စစ်မီး ပေးနိုင်ရေးအတွက် အရန်စက် ကြီးများဖြင့် ထုတ်လုပ် ရန် ကြို တင်ပြင်ဆင်ထားသည်ဟုလည်း အယုဒ္ဓယမြို့နယ်ရှိ အမှတ် ၁၁ လျှပ်စစ်ဌာနမှ အင်ဂျင်နီယာ Jirasak Jira Varyက ပြောကြား ကြောင်း ထိုင်းဘာသာဖြင့် ရေးထားသည့် ဒေးလီး နယူးစ် အင်တာနက် စာမျက်နှာတွင် ကြာသပတေးနေ့ က ဖော်ပြထားသည်။

“လျှပ်စစ် ထုတ်ဖို့ အရန် စက်တွေ ကြိုတင် ပြင်ဆင်ထားပါတယ်၊ ဒါပေမယ့် အရန်စက်ကြီးတွေကနေ ထုတ်တဲ့ လျှပ်စစ်မီးအား မလုံ လောက်ခဲ့ရင် သွင်းကုန် ထုတ်ကုန် ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတွေ ထိခိုက်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က အယုဒ္ဓယမြို့နယ်ရှိ လျှပ်စစ်ဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ စက်ရုံ လုပ်ငန်းရှင်တို့ကို ကြိုတင် အသိပေးသည့် အနေနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ Jirasak Jira Varyက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

ကြိုတင်ပြင်ဆင်သည့် အနေနှင့် မြန်မာ အစိုးရက သဘာဝဓာတ်ငွေ့ပေးပို့မှု မရပ်ဆိုင်းခင် ကာလတွင် သွင်းကုန် ထုတ်ကုန်များ ထုတ်လုပ်ထားရန်လည်း Jirasak Jira Varyက ဆက်ပြောသည်။

ဘန်ကောက်မြို့ အပြင် ထိုင်းနိုင်ငံ တောင်ပိုင်း၊ မြောက်ပိုင်းမြို့နယ်များတွင်လည်း ထိုကာလအတွင်း လျှပ်စစ်မီး မပြတ်တောက်ရေး အတွက် ကြိုင်တင် ပြင်ဆင်ထားကြောင်း ထိုင်းသတင်းများ အရ သိရှိရသည်။

မြန်မာ အစိုးရက ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း၏ ပလက်ဖောင်းများ ပင်လယ်လှိုင်းဒဏ်ကြောင့် ပျက်စီးစေနိုင်မှုမှ အချိန်မီ ကာကွယ်ရန်နှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးစင် ကျွံဝင်နေမှုအား ပြင်ဆင်မြှင့်တင်သည့် လုပ်ငန်းများကို သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု မထိခိုက်စေဘဲ ဆောင်ရွက်နေကြောင်း ယခုလ ၆ ရက်နေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းနှင့် တာဝန်ရှိသူ တချို့တို့က သဘာဝဓာတ်ငွေ့ စီမံကိန်ရှိရာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

အဆိုပါ ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးတို့က တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုချိန် ကာလများအတွင်း ဓာတ်ငွေ့ ထုတ်လွှတ်မှုကို စဉ်ဆက်မဖြတ် ထုတ်လုပ်ပေးရေး၊ မတ်လအတွင်း ရတနာ သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ပြည်တွင်းသုံး အတွက် မှုလရ ယူနေသည့် ဓာတ်ငွေ့ပမာဏထက် နေ့စဉ် ကုဗပေ ၁၅ သန်း တိုးမြှင့်ရယူရေး တို့ကို မှာကြားသည်ဟု အစိုးရသတင်းစာတွင် ရေး သား ထားသည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ နှင့် တခြားသော စီးပွားရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ထိုင်း ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော PTTEP က မုတ္တမ ပင်လယ်ကွေ့ရှိ ဇောတိက သဘာ၀ ဓာတ်ငွေ့ စီမံကိန်း၊ ရဲတခွန်နှင့် ရတနာ ကမ်းလွန် စီမံကိန်းများတွင် လုပ်ကိုင်နေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading