သတင်း

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့်  ဂူဂဲလ်၏ ဥက္ကဌ  မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။

ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားသော နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ်ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထားသည့် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရအရာရှိများ၊ ကျောင်းသားများ၊ သိပ္ပံပညာရှင်များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံခဲ့သည်။

ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်းထားသော မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်းအရာရှိများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံမည်ဟု သိရသည်။

ဂူဂဲလ်ကုမ္ပဏီသည် ကမ္ဘာတလွှားရှိ ဒေတာစင်တာများတွင် ဆာဗာပေါင်း တစ်သန်းကျော် ပိုင်ဆိုင်ထားပြီး တနေ့လျှင် ရှာဖွေချက်ပေါင်း တစ်ဘီလီယံကို လက်ခံနေရသည်။ အမေရိကန်အခြေပြု www.google.com သည် အင်တာနက်တွင် လူအများဆုံး ဝင်ရောက်ကြသည့်ဆိုက်ဖြစ်ပြီး ဂူဂဲလ်ပိုင် ယူကျုနှင့် ဘလော့ဂါတို့သည်လည်း လူအများဆုံး ဝင်ရောက်သည့်ဆိုက်များဖြစ်သည်။

မြန်မာနိုင်ငံမှာမူ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုမှု အနည်းဆုံးနိုင်ငံများတွင် တနိုင်ငံဖြစ်သည်။ လူတရာတွင် တယောက်သာ အင်တာနက်နှင့် လက်လှမ်းမီသည်။

ဂူဂဲလ် ဥက္ကဌ၏ မြန်မာပြည်ခရီးစဉ် ရည်ရွယ်ချက်မှာ မရှင်းလင်းသေးသော်လည်း သတင်းမီဒီယာကို ပြင်းထန်စွာ နှိပ်ကွပ်သည့် မြောက်ကိုရီးယားနှင့် မတူမည်မှာ သေချာသည်။ သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သတင်းနည်းပညာကဏ္ဍသည်လည်း အရေးတကြီးနေရာက ပါဝင်နေရာ ဂူဂဲလ်အနေဖြင့် မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားနိုင်မည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading