ပြည်ထောင်စု လွှတ်တော်က မတရားအသင်းများ အက်ဥပဒေ(၁၉၀၈ ခုနှစ် အိန္ဒိယ အက်ဥပဒေ ၁၄)အား ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြဋ္ဌာန်းလိုက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။ ယင်း ဥပဒေ ပုဒ်မ ၁၈ ၏ နောက်တွင် ပုဒ်မ ၁၉ အဖြစ် ဖြည့်စွက်ရမည့် အချက်များကို ဖော်ပြထား သည်။ “ဤ ဥပဒေ တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ တဦးတယောက် ဖြစ်စေ၊ အဖွဲ့အစည်းတရပ်ရပ်ဖြစ်စေ မိမိ ၏ နေ့စဉ် ပုံမှန် စားသောက်၊ သွားလာ၊ လုပ်ကိုင် ဆောင်ရွက်မှုအတွက် လည်းကောင်း၊ မိမိ၏ အသက်ဘေး အန္တရာယ်ကို ကြောက်ရွံ့ ရသည့်အတွက် လည်းကောင်း၊ မတရားသင်းများနှင့် ဆက်နွယ်ပတ်သက် ဆောင်ရွက်ရခြင်းသည် ဤ ဥပဒေ အရ ပြဋ္ဌာန်းသည့် ပြစ်မှုများတွင် အကျုံးမဝင်ဟု မှတ်ယူရမည့် အပြင် တရားစွဲဆိုခြင်း မခံထိုက်စေရ”ဟု ဖြည့် စွက်ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။