အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး အတွက် ယနေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ ရွှေလီမြို့သို့ ရောက်ရှိ ဆွေးနွေးနေကြသည်။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ဘက် က ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် မြောက်ပိုင်းတိုင်းမှူး၊ အရှေ့မြောက်ပိုင်း တိုင်းမှူး၊ KIO ဘက်က ဦးဆွမ်လွတ်ဂမ် ဦးဆောင်ပြီး ဗိုလ်ချုပ် ဂွန်မော် စသည့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ ပါဝင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။