နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ကို အရှိန်မြှင့်တင်နိုင်ရန် အိန္ဒိယနှင့် မြန်မာ ရေတပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်ရန် စီစဉ်နေကြောင်း သိရသည်။ စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရင်း ဘင်္ဂလား ပင်လယ်အော်အတွင်းတွင် ပူးတွဲကင်းလှည့်ကြမည့် အစီအစဉ်သည် မကြာမီ အကောင်အထည် ပေါ်တော့မည်ဖြစ်သည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံ Visakhapatnam ဆိပ်ကမ်းသို့ မြန်မာ စစ်သင်္ဘောနှစ်စီး လာမည့် တနင်္ဂနွေနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း ပူပေါင်းလေ့ကျင့်မှုကို စတင်မည်ဟု The Times of India သတင်းက ဖော်ပြသည်။ လွန်ခဲ့သော နှစ်များအတွင်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် စစ်ရေးနှင့် စီးပွားရေး ဆက်သွယ်မှုများကို အလေးအနက်ထားကာ တည်ဆောက်ယူခဲ့ခြင်းမှာ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် ရေပိုင်နက်ရော နယ်နိမိတ်ချင်းပါ ထိစပ်နေသည့် တခုတည်းသော အာဆီယံနိုင်ငံ ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် ရင်းနှီးစွာ ဆက်စပ်မှုရှိသည့် တရုတ်နိုင်ငံ၏ နည်းဗျူဟာများကိုလည်း တုန့်ပြန်လိုခြင်းကြောင့် ဖြစ်သည်ဟု The Times of India က ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။